သမ္မာကျမ်း၏သဘောသဘာဝ ဆိုင်ရာအမေးဖြေ

၄၅။ ဟေဗြဲအခန်း ၁၁ ကို လေ့လာရာတွင် အာဒံအမည်ကို ဓမ္မဟောင်းသန့်ရှင်းသူများ၏အမည်စာရင်းတွင် မတွေ့ရပါ။အာဒံ၌ ကယ်တင်ခြင်းရမရကျွန်တော်သိလိုပါသည်။

ဟေဗြဲ ၁၁ တွင် သန့်ရှင်းသူ၏အမည်စာရင်း၌ အာဒံကိုချန်လှပ်ထားခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းနှစ်ခုရှိပါသည်။ ပထမမှာ အာဒံသာမက ဓမ္မဟောင်း သန့်ရှင်းသူများစွာငိုချန်လှပ်ထားပါသည်။ ဒုတိယမာ ကမ္ဘာဦးကျမ်း ၃း၂၁ တွင် ဘုရားသခင်က အာဒံအား ယဇ်ကောင်၏အရေခွံနှင့်ဖုံးအုပ်ပေးသည်ဟု ပြောပြပါသည်။ “ထာဝရအရှင်၊ဘုရားသခင်ကလည်း လူသည်ငါတို့တွင်တစ်ပါးပါးကဲ့သို့ဖြစ်၍ ကောင်းမကောင်းကိုသိတတ်၏ ယခုမှာသူသည်ထာဝရအသက်ကိုရခြင်းငှါ၊ လက်ကိုဆန့်လျက် အသက်ပင်၏ အသီးကိုယူ၍ မစားသင့်ဟုမိန့်တော်မူ၍။ဤအရာက အာဒံ ကယ်တင်ခြင်းရကြောင်း ကျွန်ုပ်တို့အားအတည်ပြုစေသည်။ ဖုံးအပ်ရန် ဘုရားသခင် ပေးထားသောအ၀တ်ကိုဝတ်သောသူသည် ကယ်တင်ခြင်းရ၏။

ဗတ္တိဇံခံခြင်း ဆိုင်ရာအမေးဖြေ

၁၄။(ကယ်တင်ခြင်းရရှိရန်) ရေ၌ဗတ္တိဇံခံခြင်း လိုအပ်ပါသလား။

ကျွန်ုပ်တို့ကယ်တင်ခြင်းရရန် ရေ၌ဗတ္တိဇံခံခြင်းက အထောက်အကူပြုသည်ဟု ကျွန်ုပ် မယုံကြည်ပါ။ကျွန်ုပ်တို့သည် ကျေးဇူးတော် တစ်ခုတည်းအားဖြင့်သာ ကယ်တင်ခြင်းရကြသည်။ ဗတ္တိဇံခံခြင်းအားဖြင့် ယေရူ၏အသေခံခြင်း၊သင်္ဂြိုလ်ခြင်းနှင်ရှင်ပြန်ထမြောက်ခြင်းကို ထပ်တူထပ်မျှပြုခြင်းကို သက်သေထူရန် ဘုရားသခင်၏မိန့်တော်မူချက်ဖြစ်သည်။ ကယ်တင်ခြင်းနှင့်ပတ်သက်၍တစ်ဦးချင်းနှင့်သက်ဆိုင်သည်။ဗတ္တိဇံခံရဟု တစ်စုံတစ်ယောက်သောသူသည်ယုံကြည်ပါက သူသည်လျှို့ဝှက်သောသူဖြစ်သည်။၎င်းကို

ကောင်းကင်တမန်များ၊ နတ်ဆိုးများနှင့်မာရ်နတ်(သို့ ) ဆိုင်ရာအမေးအဖြေ

၁။ စောင့်ရှောက်ကြည့်ရူသော ကောင်းကင်တမန်များရှိကြောင်း သမ္မာကျမ်းကသွန်သင်ပါသလား။
          သွန်သင်ပါသည်။ သမ္မာကျမ်း၌ ကြည့်ရူစောင့်ရှောက်သော ကောင်းကင်တမန်များ ဟုမဖော်ပြသော်လည်း ဘုရားသခင်၏သားသမီးများကို စောင့်ရှောက်ရန် ကောင်းကင်တမန်များစေလွှတ်ထားသည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။ မဿဲ၊၁၈း၁၀ ကိုကြည့်ပါ။
          ကလေးများအား ကာကွယ်ရန် ဘုရားသခင်သည် ကောင်းကင်တမန်များကိုစေလွှတ်ကြောင်း ဤကျမ်းချက်ကအခိုင်အမာ သက်သေထူထားပါသည်။ကလေးငယ်တစ်ယောက်စီအတွက် ကောင်းကင်တမန်တစ်ပါးစီရှိ၊မရှိ ကွန်ုပ်တို့မသိပါ(ဟေဗြဲ၁း၁၄ ကိုလည်းကြည့်ပါ)။
၂။ ကမ္ဘာဦးကျမ်းအခန်းကြီး ၆မှ ဘုရားသခင်၏သားသမီးများသည် မည်သူများဖြစ်ပါသနည်း။
          ကမ္ဘာဦးကျမ်း(၆)ရှိ ကိုယ်ခန္ဓာကြီးမားသူများသည် ပြစ်မှားသောကောင်းကင်တမန်များနှင့် လူ၏သမီးများသဘာဝကိုလွန်ကာ ဆက်ဆံခြင်းမှဖြစ်လာသည်ဟု ကွန်ုပ်တို့ယုံကြည်သည်။ဟေဗြဲစကား၌ ပြစ်မှားဟူသောစကားသည်” nephillim”   ဖြစ်ပြီး ပြစ်မှားသောသူ ဟု ဆိုလိုသည်။ကောင်းကင်၌ရှိသော ကောင်းကင်တမန်များသည် လက်ထပ်ထနမ်းမြားခြင်းမရှိဟု သမ္မာကျမ်းက ဖော်ပြထားသည် ဟုဆိုရာ၌ကမ္ဘာဦးကျမ်းအခန်း(၆)၌ရှိသော ကောင်းကင်တမန်များမှာ ကောင်းကင်မှဆင်းလာရ မည့်ပြစ်မှားသော ကောင်းကင် တမန်များဖြစ်ကြောင်း မှတ်သားရန်လိုပါသည်။

သမ္မာကျမ်းစာ အသိပညာ(သို့ )ဆိုင်ရာအမေးဖြေ

၃၂။သမ္မာကျမ်းဘာသာပြန်အမျိုးမျိုးတို့ကို သင်မည်သို့ထင်မြင်ပါသလဲ။

ယနေ့ခေတ် ကျမ်းစာဘာသာပြန်များစွာတို့မှ လေ့လာရန်နှင့်သုတေသနအတွက် အလွန်အထောက်အကူုပြုကြသောလည်း King James သမ္မာကျမ်းကို ကျော်လွန်သောတိကျလုံလောက်သည့်ဘာသာပြန်ကျမ်း မရှိသေးပါ။

၃၃။ ကျွန်ုပ်တို့၏သမ္မာကျမ်းသည် ပြည့်စုံပါသလား။

ယနေ့ ကျွန်ုပ်တို့၌ရှိသောသမ္မာကျမ်းသည် ပြည့်စုံပါ၏။ သခင်ယေရူလောကတွင်ရှိစဉ်၌ မောရှေ၏ ပညတ္တိကျမ်းများမှအစ ဆာလံကျမ်း၊အနာဂတ္တိကျမ်းအားလုံးတို့ကို လက်တွေ့ကျကျ ကိုကားရည်ညွှန်းသော်လည်း ကျမ်းပယ်Apocripha မှတစ်ကြိမ်တစ်ခါမျှ ရည်းညွှန်းကိုးကားခြင်းမရှိပါ။ ဤအချက်ပင်လျှင် သခင်ယေရူက သမ္မာကျမ်းပယ်များပါဝင်သည်ဟုအသိ အမှတ်မပြုကြောင်း သက်သေပြပါသည်။

ရပ်တန့်နေရန် မဟုတ်


ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ် မှာ ရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်း သို့ လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ ယေ ၆း၁၆
“အတိတ်ဟူသည် မရွေ့မလျား ရပ်တန့် နေရန် မဟုတ်၊ ရှေ့ဆောင်လမ်းပြရန်ဖြစ်သည်” ဟူသည့် စကားပုံကို ကြားဖူးပါမည်။ လွန်ခဲ့ သော နေ့ရက်များကို ကျွန်ုပ်တို့ မမေ့မပျောက် အမှတ်ရလွယ်သော်လည်း ထိုနေ့ရက်များမှ ရရှိ သော အတွေ့အကြုံများကို ရှေ့ခရီးအတွက် သင်ခန်းစာအဖြစ် အသုံးမပြုကြပါ။ ဖြစ်ပျက်ခဲ့ဖူး သော တစ်ချိန်က လွမ်းမောဖွယ် ဖြစ်ရပ်များကိုသာ တမ်းတလျက် မလှုပ်မရှား နစ်မွန်းနေကြသည်။
ဘုရားသခင်သည် ယေရမိကို “လူ အမျိုးမျိုးတို့၏ပရောဖက်” အဖြစ်ခန့်ထားရန် ခေါ် သည့်အချိန်တွင် ယေရမိသည် ယေရုရှလင် အနီးရှိ မြို့လေးတစ်မြို့မှ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သည် (ယေ ၁း၅)။ ဘုရားသခင်ထံမှ ထွက်သွားသော ယုဒလူတို့အား ဘုရားသခင်၏စီရင်ခြင်းအကြောင်း