၁၄။(ကယ်တင်ခြင်းရရှိရန်) ရေ၌ဗတ္တိဇံခံခြင်း လိုအပ်ပါသလား။
ကျွန်ုပ်တို့ကယ်တင်ခြင်းရရန် ရေ၌ဗတ္တိဇံခံခြင်းက အထောက်အကူပြုသည်ဟု ကျွန်ုပ် မယုံကြည်ပါ။ကျွန်ုပ်တို့သည် ကျေးဇူးတော် တစ်ခုတည်းအားဖြင့်သာ ကယ်တင်ခြင်းရကြသည်။ ဗတ္တိဇံခံခြင်းအားဖြင့် ယေရူ၏အသေခံခြင်း၊သင်္ဂြိုလ်ခြင်းနှင်ရှင်ပြန်ထမြောက်ခြင်းကို ထပ်တူထပ်မျှပြုခြင်းကို သက်သေထူရန် ဘုရားသခင်၏မိန့်တော်မူချက်ဖြစ်သည်။ ကယ်တင်ခြင်းနှင့်ပတ်သက်၍တစ်ဦးချင်းနှင့်သက်ဆိုင်သည်။ဗတ္တိဇံခံရဟု တစ်စုံတစ်ယောက်သောသူသည်ယုံကြည်ပါက သူသည်လျှို့ဝှက်သောသူဖြစ်သည်။၎င်းကို
မပြုလုပ်ပါက ဘုရားသခင်ကို ၀မ်းနည်းစေမည်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ အသေးစိတ်သဘောမတူကြသော်လည်း အယူဝါဒ ကွဲလွဲသောအဆင့်၌ မဖြစ်သင့်ပေ။
၁၅။ ယုံကြည်သူအားလုံး ဗတ္တိဇံခံရကြမည်လား။
ကယ်တင်ခြင်းအတွက်မဟုတ်ဘဲ နာခံခြင်းအဖြစ် ယုံကြည်သူတိုင်းဗတ္တိဇံခံဘို့ရန် တာဝန်ရှိသည်မဟု ကျွန်ုပ်ယုံကြည်သည်။ ဖြန်းခြင်းဖြင့် ဗတ္တဇံခံခြင်းကို ကျမ်းစာတွင်မတွေ့ရပါ။ မူလ ဟေလသဘာသာ၌ ဖော်ပြသည်အတိုင်းနှစ်ခြင်းသာဖြစ်သည်။ ရေ၌နှစ်ခြင်းသည် ကျွန်ုပ်တို့ ကယ်တင်ခြင်းနှင့်မည်သို့မျှမပတ်သက်သော်လည်း ထိုသို့နာခံခြင်းဖြင့် ပြုလုပ်ရန်မှာ ခရစ်ယာန်တိုင်း၏တာဝန်ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။
၁၆။ ကလေးငယ်များ ဗတ္တိဇံခံပေးရမည်ဟု သင်ယုံကြည်သလား။
ပြောင်းလဲပြီးနောက်မှ ဗတ္တိဇံခံပေးရမည်ဟု ကျွန်ုပ်ယုံကြည်သည်။ကလေးငယ်များအား ဆက်ကပ်ခြင်းသည် အရေးတကြီးလိုအပ်ပါသည်။ ဆက်ကပ်ခြင်းသည် ဗတ္တိဇံပေးခြင်းမဟုတ်ပါ။ ဆက်ကပ်ခြင်း၌ မိဘများက ဘုရားသခင်အားတင်ဆက်ခြင်းဖြစ်၍ ထိုသို့ပြုခြင်းဖြင့် ကလေးကို သွန်သင်လမ်းပြရန်တာဝန်ယူရမည်ဟူ၍ ယူဆသည်။ မည်သို့ပင်ဖြစ်စေ၊ဗတ္တိဇံခံခြင်းမှာ ယုံကြည်သူကိုယ်တိုင် လုပ်ဆောင်ချက်ဖြစ်ပြီး ထိုနေရာ၌ ကျွန်ုပ်တို့အပြစ်အတွက် အသေခံပြီး ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းအတွက် တဖန် ထမြောက်သည့် သခင်ယေရူကိုယုံကြည်ကြောင်း ၀န်ခံခြင်းဖြစ်သည်။
၁၇။မွေးကင်းစကလေးများနှင့်ကလေးငယ်များအားလုံး ကယ်တင်ခြင်းရပါသလား။
လူမမယ်အရွယ်၌သေဆုံးသော ကလေးငယ်များ ထာဝရပျက်စီးမည်ဟုမည်သည့် ကျမ်းပိုဒ်တွင်မျှ မသွန်သင်ပါ။ထို့အပြင် ယောဟန်၊၁၆ တွင် ယေရူကလူတစ်ယောက်အား စီရင်သောအပြစ်မှာ ယေရူခရစ်တော်ကို မယုံကြည်ခြင်းဖြစ်ကြောင်း ပြောပြသည်။ ကလေးငယ်တစ်ယောက်၌ လက်ခံခြင်းလည်းမရှိနိုင်၊ငြင်းပယ်ခြင်းလည်းမရှိသောကြောင့် ယေရူကို ငြင်းပယ်သည့်အပြစ်ကိုမကျူးလွန်ကြပါ။ အာဒံ၏အပြေစ်သည် လက်ဝါးကပ်တိုင်ပေါ်၌ ကြေအေးခံပြီး၊ ကလေးတစ်စုံတစ်ယောက် အစဉ်အမြဲပျက်စီးမည်ဟူသော ဖော်ပြချက်ကို သမ္မာကျမ်း၌မရှိပါ။ ယေရူက သင်တို့သည် ဤသူငယ်တစ်စုံတစ်ယောက်ကို မထီမဲ့မြင်မပြုမည်ကြောင်း သတိရှိကြလော့။ ငါဆိုသည်ကား သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသောင့ါအဘ၏မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏။ ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်ဤသူငယ်တစ်ယောက်ကိုမျှ ပျက်စီးခြင်းငှါ အလိုတော်မရှိ ဟု ဆို၏။(မဿဲ၊၁၈း၁၀-၁၄)
၁၈။ ဗတ္တိဇံခံခြင်းနှင့် သခင်ဘုရား၏ ညစာစားပွဲသည် ဤခေတ်ကာလအတွက်အကျူးဝင်ပါသလား။
ဤခေတ်ကာလတွင် ဗတ္တိဇံခံနှင့် သခင်ဘုရား၏ညစာစားပွဲ အတွက်အခက်အခဲကြုံတွေ့ရသည်။ဘုရားသခင်ကိုချစ်သော သားသမီးများစွာရှိကြသည်။ကျွန်ုပ်၏ ယုံကြည်ချက်မှာ ဘုရားသခင်၏ညစာစားပွဲသည် ယခုမှစ၍ ကိုယ်တော်ပြန်ကြွလာသည်အထိ ကျွန်ုပ်တို့အတွက်ဖြစ်သည်။ ဗတ္တိဇံခံခြင်းမှာ ယုံကြည်ခြင်းအားဖြင့် ယေရူခရစ်နှင့်အတူအသေခံခြင်းသင်္ဂြိုလ်ခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို သက်သေထူခြင်းဖြစ်သည်။
၁၉။ မွေးကင်းစကလေးကို နှစ်ခြင်းပေးရန် ကျမ်းစာက သွန်သင်ပါသလား။
မွေးကင်းစကလေးကို ဗတ္တိဇံပေးသော အသင်းတော်၌ ကျွန်ုပ်မွေးဖွါးကြီးပြင်းလာပြီး နှစ်ပေါင်းများစွာ ထိုသို့သော အသင်းတော်၌ သင်းအုပ်ဖြစ်ခဲ့ပါသည်။ ကျမ်းစာကို သေချာစွာ လေ့လာရာ မွေးကင်းစကလေးကို ဗတ္တိဇံပေးကြောင်း မည်သည့်နေရာ၌မှ မတွေ့ရပါ။၎င်းသည် နှုတ်ကပတ်တော် အပေါ်၌အခြေမပြုဘဲ၊ အသင်းတော်၏ သွန်သင်ချက်တစ်ခုဖြစ်သည်။ သမ္မာကျမ်းထဲ၌အထောက် အထားတစ်ခုမျှမရှိ။ ပင်တေကုတ္တေအပြီး ၄ရာစုထိတိုင် ထိုသို့ပြုလုပ်ခဲ့သော သဲလွန်စကိုမတွေ့ရပါ။၎င်းသည် ကျမ်းစာနှင့်လုံးဝမကိုက်ညီသည့် လူ၏၀ါဒသာဖြစ်သည်။အသင်းတော်၏၀ါဒရေးရာထက် ကျမ်းစာကိုပို၍လေ့လာ ရန် ကျွန်ုပ်အကြံပေးလိုပါသည်။
၂၀။ ဗတ္တိဇံခံခြင်း အသစ်တဖန် မွေးဖွါးခြင်းသည် ကျမ်းစာနှင့်ကိုက်ညီပါသလား။
သင်၏မေးခွန်းနှင့်စပ်လျဉ်း၍ တမန် ၊၂း၃၈ နှင့်၂၂း၁၆ အရ ဗတ္တိဇံခံခြင်းအားဖြင့် အသစ်တဖန် မွေးဖွားကြောင်းမသွန်သင်ပါ။ တမန်၊၂း၃၈ တွင် နောင်တကို ပထမဦးဆုံးဖော်ပြထားကြောင်း သင်သတိထားမိပေလိမ့်မည်။ခရစ်တော်နှင့် သူ၏တမန်တော်များက ရေနှင့်ဗတ္တိဇံခံခြင်းမှာ အတွင်းပိုင်းစိတ်နှလုံးပြောင်းလဲခြင်းကို အပြင်ပိုင်း၌သက်သေထူသောမသွန်သင်ကြပါ။ တမန်၂၂၁၆ တွင် ရေနှင့်အပြစ်ဆေးကြောခြင်းသည် မည်သို့မျှမပတ်သက်ပါ။ ဤနေရာ၌ ပေါလု၏သက်သေခံချက်မှာ အပြစ်များကို ဆေးကြောပြီးဖြစ်ကြောင်းသက်သေခံရန်ဖြစ်သည်။ ဤကျမ်းပိုဒ်တိုက်ရိုက်အနက်ပြန်ချက်မှာ အဘယ်ကြောင့် စောင့်နေသနည်း။သင်၏အပြစ်များကို ဆေးကြောရန် ရေ၌နှစ်ခြင်းခံပါ။ သခင်ဘုရား၏နာမတော်ကိုခေါ်ပါဟူ၍ဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ်ရှိသူခိုးသည် ဗတ္တိဇံခံဘူးပါ။ မာကု၊၁၆း၁၆ ကို မှါ။ဤကျ တ်သားပ မ်းပိုဒ်က ဗတ္တိဇံမခံသောသူသည် တရားစီရင်ခြင်းခံရမည် ဟု မပြောပါ။ မယုံကြည်သောသူကိုသာ ပြောပါသည်။
၂၁။ ရှင်ယောဟန် ၃း၅ ၌ဖော်ပြသောရေသည် ဗတ္တိဇံကို ဆိုလိုပါသလား။
ရှင်ယောဟန်၊၃း၅ ၌ ရေဟူသော စကားလုံးသည်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဆိုလိုခြင်း ဖြစ်သည်။အောက်ပါကျမ်းပိုဒ်များအားဖြင့် ထင်ရှားသည်။ ၁ပေ၊၁း၂၃-၂၄။ဧဖက်၊၅း၂၆။ ယော၊၁၇း၁၇ နှင့်တိတု၊၃း၅။ သမ္မာကျမ်းထဲတွင် ရေသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုံဆောင်၍ပြောပြခြင်းဖြစ်ပြီး ယောဟန်၊၃း၅ တွင် ကျွန်ုပ်တို့၏စိတ်နှလုံးအထဲ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၀ိညာဉ်တော်ကအသုံးပြုခြင်းဖြင့် ကယ်တင်ခြင်းရသည်ဟု သွန်သင်ခြင်းဖြစ်သည်။ ၁ယော၊၅း၁၀ ကိုကြည့်ပါ။ယော၊၁၉း၃၄လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။
၂၂။ ဗတ္တိဇံနှင့်ပတ်သက်၍ လုသာရင်အသင်းတော်၏ သွန်သင်ချက်သည် သမ္မာကျမ်းအတိုင်းဖြစ်ပါသလား။
ဗတ္တိဇံနှင့်ပတ်သက်ပြီး လုသာရင်အသင်းတော်၏သွန်သင်ချက်နှင့်စပ်လျဉ်း၍ သင်ပြောမည့်အရာကို ကျွန်ုပ်သေချာစွာ ဖတ်ပြီးပါပြီ။ ကာသိုလိပ်အသင်းတော်နှင့်လုသာရင်အသင်းတော်များ သွန်သင်သောဗတ္တိဇံခံခြင်းအားဖြင့်အသစ်တဖန် မွေးဖွါးခြင်းမှာ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရသည်ဟူသောခံယူချက်ကို ငြင်းပယ်ခြင်းဖြစ်သည်။
၂၃။ မည်သူသည် ဗတ္တိဇံခံရမည်နည်း။
ဗတ္တိဇံနှင့်ပတ်သက်ပြီး သင့်မေးခွန်းနှင့်စပ်လျဉ်း၍ ရေ၌ နှစ်ခြင်းခံခြင်းမှာကယ်တင်သော မင်္ဂလာဝတ်တစ်ပါးမဟုတ်သော်လည်း ဘုရားသခင်၏သားသမီးများက ကိုယ်တော်အတွက် သက်သေထူရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။၎င်းသည်ပညတ်တော်မဟုတ်ဘဲ အခွင့်အရေးတစ်ခုဖြစ်သည်။၁ကော၊၁း၁၄ နှင့်စပ်လျဉ်း၍ ကောရိန္တုယုံကြည်သူအချို့ကို ဗတ္တိဇံမပေးခဲ့သော်လည်း ရှင်ပေါလုဝမ်းမြောက်ကြောင်း မှတ်သားပါ။လူတစ်ယောက်သည် ဤကိစ္စ၌ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမူကို လိုက်နာမည်ဟု ကျွန်ုပ်ယုံကြည်သည်။ အကယ်၍ ဘုရားသခင်က ဗတ္တိဇံလိုအပ်ကြောင်း ကျွန်ုပ်တို့အား ဖော်ပြချက်ကို ငြင်းပယ်မိပါက ကျွန်ုပ်သည်မနာခံသောသူများဖြစ်ကြပါလိမ့်မည်။ သခင်ဘုရားအား မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံရန် ဆန္ဒမရှိသောသူများကို ဗတ္တိဇံပေးရန် ကျွန်ုပ်ဆန္ဒမရှိပါ။ တမန်တော်ဝတ္ထု တစ်လျှောက်လုံးတွင် ခရစ်တော်ကို ယုံကြည်လက်ခံသော ယုဒလူဟေလသလူများသည်သာလျှင် ဗတ္တိဇံခံကြပါသည်။လူတစ်ယောက်သည်ဗတ္တိဇံမခံဘဲ ကယ်တင်ခြင်းရနိုင်သော်လည်း ဗတ္တိဇံခံရန် ငြင်းဆန်ခြင်းသည်မနာခံသော ယုံကြည်သူတစ်ယောက်ဖြစ်စေသည်။
၂၄။ဗတ္တိဇံကို မည်သူပေးနိုင်သနည်း။
ဘုန်းတော်ကြီးသို့မဟုတ် တရားဟောဆရာသည် ဗတ္တိဇံပေးရမည်ဟု သမ္မာကျမ်း၌မပါရှိပါ။ဒုတိယမွေးခြင်းခံပြီးသောသူသည် ဗတ္တိဇံပေးခွင့်ရှိပါသည်။
၂၅။ ရှင်ပေတရုနှင့်ရှင်ယောဟန်တို့၏ ဗတ္တိဇံပေးခြင်းသည် မည်သို့ခြားနားသနည်း။
တမန်တော်၊၂း၃၈ ရှိသင်၏မေးခွန်းနှင့်စပ်လျဉ်း၍ပင်တေကုတ္တေ၌ရှိသောလူအားလုံးမှာ ယုဒလူများဖြစ်ကြောင်းကို သင်မှတ်သားရန်လိုအပ်ပါသည်။ ထိုနေရာ၌ တစ်ပါးအမျိုးသားများမရှိပါ။ဤအရာသည် နောင်တနှင့်စပ်ဆိုင်သောဗတ္တိဇံဖြစ်ရာယောဟန်သည် လက်ဝါးကပ်တိုင်မတိုင်မှီပြုလုပ်သော ဗတ္တိဇံနှင့်အတူတူပင်ဖြစ်သည်။တမန်တော်၇တွင် ဒုတိယအကြိမ် နိုင်ငံတော်ပေးအပ်ခြင်းကို က္ကသရေလငြင်းပယ်ပြီးနောက် ဧ၀ံဂေလိတရားတော်သည် တစ်ပါးအမျိုသားများထံသို့လွှဲအပ်သွားပြီးချိန်တွင် ယောဟန်၏ဗတ္တိဇံနှင့်ခြားနားသောခရစ်ယာန်များ၏ ဗတ္တိဇံကိုတွေ့ရပါသည်။(တမန်၊၁၉း၁-၃ကြည့်ပါ)။ ဓမ္မသစ်ကျမ်းရှိခရစ်ယာန် ဗတ္တိဇံမှာ ခမည်းတော်၊သားတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏နာမပြုလုပ်ရသည်။
၂၆။ မွေးစသူငယ်အရွယ်တွင် ကျွန်တော်သည် ရေဖြန်းခြင်းခံရသည်။ ရေနှစ်ခြင်းဖြင့် ဗတ္တိဇံမခံပါက မှန်ကန်ပါမည်လော။
တဖန်နှစ်ခြင်းခံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်ကိုယ်တိုင်သည်လည်းထိုသို့သောနေရာမှကြီးပြင်းလာသောသူဖြစ်သည်နှင့်အညီ သင်၏အခက်အခဲကိုကျွန်ုပ်ကောင်းစွာနားလည်ပါသည်။ကျွန်ုပ်သည်မွေးစသူငယ်အရွယ်ကပင်ရေဖြန်းခြင်းခံရပြီးနောက်မှသခင်ဘုရားကကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကိုကယ်တင်ပြီး သမ္မာကျမ်းထဲ၌ရှိသော ဗတ္တိဇံကို ကျွန်ုပ်အားပြသပါသည်။ကျွန်ုပ်သည် သခင်ယေရူခရစ်တော်ကို ကိုယ်တိုင်ယုံကြည်သည့် သက်သေအဖြစ်ပြန်၍နှစ်ခြင်းခံပါသည်။ ရေဖြန်းခြင်းသည်နှစ်ခြင်းမဟုတ်။ မွေးစသူငယ်အရွယ်ဗတ္တိဇံပေးခြင်းကို ဆက်ကပ်ခြင်းတစ်ခုအဖြစ်သာ ထင်မြင်သည်နှင့် အညီကယ်တင်ခြင်းရပြီးနောက် ရေနှစ်ခြင်းခံယူရမည်ဟု ကျွန်ုပ်ခံစားရပါသည်။ ကယ်တင်ခြင်းရရန် ဗတ္တိဇံလိုသည်(သို့မဟုတ်)ကောင်းကင်ဘုံသို့ဝင်ရန်ထိုက်တန်စေသည်ဟု ကျွန်ုပ်တို့မယုံကြည်ပါ။ဗတ္တိဇံခံခြင်းမှာ ကျွန်ုပ်တို့သက်သေပြခြင်းသာဖြစ်သည်။ထို့ကြောင့်သခင်ဘုရား ပို့ဆောင်ရာသို့လိုက်ပြီးသင့်ကိုဖော်ပြသည့်အတိုင်းပြုလုပ်ပါရန် ကျွန်ုပ်ပြောချင်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်လည်းနောက်တစ်ကြိမ်ဗတ္တိဇံခံပါသည်။
၂၇။အခြားသော ပင်တေကုတ္တေပွဲရှိနိုင်ပါသလား။ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းရန်လူများဆုတောင်းကြသည်ကို ကျွန်တော်ကြားပါသည်။ဤအရာသည် ယနေ့ဖြစ်နိုင်ပါသလား။
သင်မေးသော မေးခွန်းများကို“မဖြစ်နိုင်ပါ” နှင့်ဖြစ်နိုင်သည်” ဟု နှစ်မျိုးဖြေနိုင်သည်။ပင်တေကုတ္တေနေ့က အသင်းတော်အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းသောကြောင့် ဤခေတ်ကာလအတွက် အသင်းတော်နှင့်အတူချီဆောင်ခြင်းမခံရမီထိ သွန်းလောင်းနိုင်မည်မဟုတ်ပါ။ ပင်တေကုတ္တေမှာယောဘအခန်း၃၏ ပရောဖက်ပြုချက်ကိုတစိတ်တပိုင်းပြည့်စုံစေခြင်း သာဖြစ်သည်။ ထိုပရောဖက်ပြုချက်၏အပြည့်စုံမှာ အသင်းတော်ချီဆောင်သွားပြီးမှသာဖြစ် လာပါမည်။ ထို့ကြောင့် ယနေ့ကျွန်ုပ်တို့၏လိုအပ်ချက်မှာ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့၏အထဲ၌ ကျိန်းဝပ်နေသည့်ဘုရားသခင်၏၀ိညာဉ်တော်ကို နာခံရန်သာဖြစ်သည်။
၂၈။ တပည့်တော်များသည် ယေရူ၏နာမတော်၌အဘယ့်ကြောင့် ဗတ္တိဇံခံကြပါသနည်း။
တမန်တော်ဝတ္ထု၊၁၉း၅ ၌ တပည့်တော်များသည် ယေရူ၏နာမတော်၌ ဗတ္တိဇံခံကြသည်။အကြောင်းမှာ ယုဒလူမျိုးများဖြစ်ကြ သောကြောင့်ဖြစ်သည်။သူတို့သည် ခမည်းတော်နှင့်ဝိညာဉ်တော်ကို ယုံကြည်ခဲ့ကြပြီးဖြစ်သော်လည်းကယ်တင်ခြင်းရနိုင်ရန် ယေရူကိုဘုရားသခင်အဖြစ် သုံးပါးတစ်ဆူဘုရားအပါအ၀င်ဖြစ် အသိအမှတ်ပြုကြရန် လိုအပ်သည်။ထို့ကြောင့်ယေရူ၏နာမတော်၌ သို့မဟုတ် သခင်ယေရူ၏နာမတော်၌ ဗတ္တိဇံခံကြ၏။ဤတစ်ပါးအမျိုးသားများ၏ခေတ်ကာလဖြစ်သော ယနေ့၌လူမျိုးတကာကို တရားဟောသောအခါ လိုက်နာကျင့်သုံးရမည့်နည်းမှာ “ခမည်းတော်၊သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်နာမတော်၌” ဖြစ်သည်။
၂၉။ အခြားသောဘာသာစကား ဆုကျေးဇူးသည် ယနေ့ခေတ်ကာလအတွက်ဖြစ်ပါသလား။
၁ကော်၊၁၃အရ သမ္မာကျမ်းပြည့်စုံသောအခါ ဤအထူးနမိတ်လက္ခဏရပ်သွားပြီဟု ကျွန်ုပ်ယုံကြည်သည်။ဤအရာကို ဘုရားသခင်ပြုလုပ်ပါသလား။ ဟူသောအရာထက် ၄င်းတို့သည် ယနေ့ခေတ်ကာလအတွက် ဖြစ်သလားဟူသောအချက်က အရေးကြီးသည်။ အခြားသောဘာသာစကားနှင့်အတူ အံ့သြဖွယ်လက္ခဏများသည် တမန်တော်ခေတ်ကာလအတွက်ဖြစ်ပြီးတမန်တော်ခေတ်နှင့် အတူရပ်သွားပါသည်။
၃၀။ ကယ်တင်ခြင်းအားဖြင့် နမိတ်လက္ခဏများ ဆုကျေးဇူးများရရှိခြင်းသည် တမန်တော်ခေတ်နှင့်အတူ ရပ်စဲသွားပါသည်။
တမန်တော်များအားယေရူအပ်နှံသည့်နမိတ်လက္ခဏများနှင့် ဆုကျေးဇူးများမှာ တမန်တော်ခေတ်အတွက်သာဖြစ်သည်။ သူတို့နှင့်အတူလက္ခဏများနှင့်ဆုကျေးဇူးများရပ်စဲသွားကာ၊တမန်တော်များက တစ်ခြားသောသူများအပေါ်သို့ဤကျေးဇူးကို လက်ဆင့်ကမ်းရရှိသည့် သာမက တစ်စုံတစ်ရာကိုမျှသမ္မာကျမ်း၌မတွေ့ရပါ။လက်တင်ခြင်းခံရသောသူများ သည်နမိတ်လက္ခဏာ များကိုပြုလုပ်နိုင်ကြသော်လည်း အခြားသောသူများအပေါ်သို့ မပေးနိုင်ကြပါ။တမန်တော်များ ကွယ်လွန်သွားခြင်းနှင့်အတူ ရပ်စဲသွားသောကြောင့် တမန်တော်များ၏ဆုကျေးဇူးရရှိသည်ဟု ယခုကာလတွင် ပြောဆိုသောလူများမှာလိမ်ညာသောသူများဖြစ်သည်။
၃၁။ဝိညာဉ်တော်ဗတ္တိဇံနှင့်အခြားသော ဘာသာစကားတို့ကိုရှင်းပြပါ။
ဝိညာဉ်တော်ဗတ္တိဇံနှင့်စပ်လျဉ်း၍ သခင်ယေရူခရစ်တော်ကို လက်ခံသောယုံကြည်သူတိုင်း ၀ိညာဉ်တော်၌ဗတ္တိဇံခံကြပြီး ယေရူကို သိကျွမ်းခြင်းနှင့်ဆုကျေးဇူးတော်၌တိုးပွါးခြင်းမှအပ အခြားအရာ မလိုအပ်တော့ပါဟု ကျွန်ုပ်ယုံကြည်ပါသည်။ အခြားသော ဘာသာစကားပြောခြင်း ဆုကျေးဇူးသည် ယနေ့ခေတ်ကာလအတွက်ဟု ကျွန်ုပ်မယုံကြည်ပါ။ ထို့ကြောင့် ဘုရားသခင်၏ ဂတိတော်ထက်ပို၍ကျွန်ုပ်တို့တောင်းဆိုကြပါက ဘုရားသခင် အကြံအစည်တော်၏ပြင်ပမှအဓမ္မတောင်းဆို နေခြင်းဖြစ်သည်။။ဗတ္တိဇံအကြောင်းသော၎င်း၊အခြားသော်ဘာသာစကားကို၎င်း ယုံကြည်သောလူများစွာရှိသည်ဟု ကျွန်ုပ်ယုံကြည်သည်။ သို့သောသူတို့ မှားယွင်းကြသည်။ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရှင်းလင်းစွာ ဖွင့်ပြခြင်းနှင့် မကိုက်ညီကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။
No comments:
Post a Comment