ရှေးလမ်းဟောင်းတို့ကို ရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ် မှာ ရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်း သို့ လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ ယေ ၆း၁၆
“အတိတ်ဟူသည် မရွေ့မလျား ရပ်တန့် နေရန် မဟုတ်၊ ရှေ့ဆောင်လမ်းပြရန်ဖြစ်သည်” ဟူသည့် စကားပုံကို ကြားဖူးပါမည်။ လွန်ခဲ့ သော နေ့ရက်များကို ကျွန်ုပ်တို့ မမေ့မပျောက် အမှတ်ရလွယ်သော်လည်း ထိုနေ့ရက်များမှ ရရှိ သော အတွေ့အကြုံများကို ရှေ့ခရီးအတွက် သင်ခန်းစာအဖြစ် အသုံးမပြုကြပါ။ ဖြစ်ပျက်ခဲ့ဖူး သော တစ်ချိန်က လွမ်းမောဖွယ် ဖြစ်ရပ်များကိုသာ တမ်းတလျက် မလှုပ်မရှား နစ်မွန်းနေကြသည်။
ဘုရားသခင်သည် ယေရမိကို “လူ အမျိုးမျိုးတို့၏ပရောဖက်” အဖြစ်ခန့်ထားရန် ခေါ် သည့်အချိန်တွင် ယေရမိသည် ယေရုရှလင် အနီးရှိ မြို့လေးတစ်မြို့မှ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သည် (ယေ ၁း၅)။ ဘုရားသခင်ထံမှ ထွက်သွားသော ယုဒလူတို့အား ဘုရားသခင်၏စီရင်ခြင်းအကြောင်း
ပြောကြားရန် ကြီးလေးသောတာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ယေရမိက သူသည် ဘုရား၏စကားတော်ကို ပြောကြားခြင်းဖြစ်ပြီး သူ့ဘာသာသူ ပြောခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့သည် (ယေ ၇း၁-၂)။
“ထာဝရဘုရားမိန့်တော်မူသည်ကား၊ လမ်းနားမှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကိုရှာဖွေလျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟုပြန်ပြောကြ၏” (၆း၁၆)။
ရှေ့ကိုဆက်သွားနိုင်ရန် အနောက်သို့ပြန်လှည့်ကြည့်ဖို့လိုကြောင်း ဘုရားသခင် က သူ့လူမျိုးတော်ကို တိုက်တွန်းခဲ့ပါသည်။ ရှေးလမ်းဟောင်းကို ဆင်ခြင်ခြင်းဖြင့် ဘုရားသခင်၏သစ္စာတော်၊ ခွင့်လွှတ်ခြင်း၊ ခေါ်ယူစေစားအသုံးပြုခြင်းများကို ဖော်ပြသည့် အမှတ်လက္ခဏာများရှိသည့် “လမ်းကောင်း” ကို ရှာတွေ့ရန်မှာ ကိုယ်တော့် ရည်ရွယ်ချက် ဖြစ်သည်။
ရှေ့အနာဂတ်မှာ ဘာရှိလဲမသိငြားလည်း ဘုရားသခင်သည် သစ္စာရှိကြောင်းသိပါ၏။ သက်သေကို ယခင်က ရရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။
အတိတ်က ဘုရားသခင်လမ်းပြခဲ့မှုများသည် ရှေ့အနာဂတ်အတွက် ရဲရင့်ခြင်းသတ္တိကိုဖြစ်စေသည်။
No comments:
Post a Comment