သင်၏အကျင့်ကို ငါသိ၏။ သင် သည်အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။ ဗျာ ၃း၁
နံမည်ကြီး ဘတ်စကက်ဘောနည်းပြ ဂျွန် ဝုဒဲန် (၁၉၁၀-၂၀၁၀) က လူ့စရိုက်သဘောသည် ဂုဏ်အသရေထက် ပို၍ အရေးကြီးသည်ဟု ယုံကြည်ကိုင်စွဲသည်။ “ဂုဏ်အသရေဆိုတာ အခြားသူတွေ ကိုယ့်အပေါ် ထင်မြင်ယူဆခံစားမိကြတဲ့ အရာဖြစ်တယ်။ ဒါပေမယ့် လူ့စရိုက်သဘောထားဆိုတာက သင့်ရဲ့ ဖြစ်တည်မှု”၊ “ကိုယ့်အကျင့်စရိုက် သဘောထားကို ကိုယ်အသိဆုံးပဲလေ၊ အခြားသူကို လိမ်လို့ရမယ်။ ကိုယ့်ကိုယ်ကိုတော့ လှည့်စားလို့မရဘူး” ဟု နည်းပြကြီးက သူ့အားကစားသမားများကို မကြာခဏ ပြောလေ့ရှိသည်။
ဗျာဒိတ်ကျမ်းတွင် အာရှရှိ အသင်းတော် (၇) ပါးသို့ ထမြောက်ရှင်ပြန်တော်မူသော သခင်ခရစ်တော် မိန့်ကြားသည့် စကားများ
ကို ဖတ်ရှုရသည်။ သွာတိမြို့ရှိအသင်းတော်သို့ “သင်၏ အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိသော်လည်း သေလျက်နေသည်ကိုငါသိ၏” (၃း၁) ဟု သခင်ယေရှုမိန့်တော်မူသည်။ ၎င်းတို့နှင့် ပတ်သက်သည့် အမှန်တရားကို သခင် သိသည်။ သူတို့လည်း သူတို့ကိုယ်ကို သိမည်မလွဲပါ။ “မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကိုပြုစုလော့” (း၂)ဟု သခင်ပြောရသည်။ ၎င်းတို့သိရှိခံယူခဲ့သည့် အမှန်တရားကို အောက်မေ့သတိရပြီး၊ နာခံစောင့်ရှောက်ရန်၊ နောင်တနှင့် လှည့်ပြန်ကာ လမ်းကြောင်းအသစ်ကို အစပြုရန် တိုက်တွန်းခဲ့သည် (း၃)။
မိမိအသက်တာ၌ မှားယွင်းနေသောအရာတို့ကို ဘုရားရှင်ထောက်ပြလျှင် ပြောင်းလဲ ပြုပြင်နိုင်ရန်နည်းလမ်းကိုလည်း ပြင်ဆင်ပေးပါသည်။ အပြစ်ဒုစရိုက်မှ လှည့်ပြန် လျှင် ကိုယ်တော်သည် ခွင့်လွှတ်လျက် အသစ်တစ်ဖန်အစပြုနိုင်ရန် ခွန်အားပေးပါ၏။ ခရစ်တော်သခင်ဘုရားအား သိကျွမ်းခြင်းအားဖြင့်ရရှိသည့် စစ်မှန်သော၊ ရှင်သန်မှုဖြစ်စေသော စရိုက်သဘောနှင့် မှားယွင်းသော ဝိညာဉ်ရေးဂုဏ်အသရေကို ဖလှယ်လိုက်ရသောအခါ အဘယ်မျှ လွတ်လပ်လိုက်ပါဘိ။ — David McCasland
ဥစ္စာရွှေငွေ ကြွယ်ဝခြင်း၊ နံမည်ကျော်ကြား ထင်ရှားခြင်း ထိုအကြောင်းများ ပြောမကုန်နိုင်လည်း ရတနာ အစုစုထက် နံမည်ကောင်းသာ အဆဆသာလွန်ကောင်းပေ၏။ — Guest
မည်သူမျှ စောင့်မကြည့်ချိန်၌ ကျွန်ုပ်တို့ဘာလုပ်သနည်း။ ၎င်းသည် မိမိ၏အကျင့်စရိုက်ကို စစ်ကြောရမည့်စံဖြစ်သည်။
No comments:
Post a Comment