အခြေပြုကျမ်း
၁တိ ၃း၁၆
မှန်သောကိုးကွယ်ခြင်၏နက်နဲသောအရာသည် ကြိးစွာသောအရာဖြစ်သည်ဟု ငြင်းခုန်းရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဒာ၌ ပေါ်ထွန်းပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ၀ိညာဉ်တော်အားခြင့် ထင်ရှားပြီ။။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြငိရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကို
ခံတော်မူပြီး။
And without controversy great is the mystery of godliness:
God was manifested in the flesh.
Justified in the Spirit.
Seen by angels.
Preached among the Gentiles.
Believed on in the world.
Received up in glory.
ယုံကြည်သူတိုင်း အသက်တာဟာ ဘုရားသခင်ကို မှန်ကန်စွာ ကိုးကွယ်ခြင်း၊ အလိုတော်အတိုင်း နေထိုင်အသက်ရှင်ခြင်းဖြင့် အသက်ရှင်တတ်ဘို့လိုပါတယ်။ အကြောင်းမှာ ဘုရားရှင်နိုင်ငံတော်အတွက် အလင်းဖြစ်လျှက် ဘုန်းတော်ထင်ရှားရန် အရောက်ဆီတိုင်းအပေါ်၌ အလိုတော်ရှိတော်မူသောကြောင့် ဖြစ်တယ်။
ယုံကြည်သူတယောက်ရဲံ အသက်တာဟာ ယေရှုခရစ်ကို ရရှိပြီးတဲ့နေ့က စပြီး..
ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ ခန္ဒာပေါ်မှာ ပေါ်ထွန်းတော်မူပြီး ဖြစ်တယ်။ ၀ိညာဉ်တော်ထင်ရှားတော်မူပြီးဖြစ်တာကြောင့် ဘုန်းတော်ထင်ရှားပြီး ၊ သူတပါးနှင့် မတူ ထူးခြားသော အသက်တာကို ခံစားရရှိမှာဖြစ်တယ်။ သင့်ဝိညာဉ်ခန္ဒာ၌ ခရစ်တော်ရှိနေတာကြောင့် ကောင်းကင်တမန်တွေကလည်း သင်ကို အစဉ်အမြဲ ကူညီမစလျှက် သင်၏လုပ်ဆောင်ချက်တိုင်းသည် အမင်္ဂလာမှ မင်္ဂလာဖြစ်စေမှာဖြစ်တယ်။ လောက၌ သင်နှင့် ပေါင်းဖော်ဆက်ဆံမိတဲ့လူတိုင်းအတွက် ၀ိညာဉ်တော်တို့ထိခြင်းအားဖြင့် လမ်းမှားနေသော ၀ိညာဉ်များကို လမ်းပြကြယ်တခုအဖြစ်နဲ့ ဘုန်းတော်ထင်ရှားပြီး၊ ပုံသက်သေကောင်းတယောက်ဖြစ်စေမှာဖြစ်တယ်။
အဆုံးသို့ပြောရသော်...ဘုရားသခင်၏ ဘုန်းတော်သည် သင်၌ အစဉ်အမြဲတည်ကြည်သောကြောင့် နောက်ဆုံးသော အချိန်၌ ကောင်ကင်နိုင်ငံ၌ သခင်ဘုရားနှင့် အတူ ဘုန်းတော်ဝင်စားသော အသက်တာကို ထာဝရ ရရှိခံစားရမှာဖြစ်တယ်။
ထို့ကြောင့် ချစ်သော မိတ်ဆွေ ... ယခု ကျွန်ုပ်တို့ အသက်တာသည် အလိုတော် အတိုင်း အသက်ရှင်နေသော သူများ ဖြစ်နေပြီးလား ဆိုတာ ဆင်ခြင်ကြရအောင်..
ယနေ့ ဒီကျမ်းချက်လေးအားဖြင့် ၀ိညာဉ်တော်ဖော်ပြတာလေးကို ပြန်လည်ဝေငှလိုက်ပါတယ်။ အေ၇ာက်ဆီတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ။ အာမင်း
No comments:
Post a Comment