မိမိကိုမိမိဆန်းစစ်ပါ

ဘုရားရှင် ၏အလိုတော်ဟာ လူတိုင်း ကယ်တင် ရောက်(ရ)ဖို့ ဖြစ်ပါတယ်။ ကယ်တင် သိရုံ၊ နားလည်ရုံ၊ သဘောပေါက်ရုံသာ မဟုတ်ပါဘူး။ အောက်ပါ ကျမ်းချက် ၏အဓိပ္ပါယ်ကို သေချာ ဆင်ခြင် ကြည့်ပါ။

(လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ ၁တိ ၂း၎)

ထို့ကြောင့် ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေဟာ တကယ်တမ်း စစ်မှန်တဲ့ ဘုရားရဲ့ အလိုတော် အထဲမှာ အသက်ရှင် ချင်တယ်ဆိုရင် ကယ်တင် သိသောသူ၊ နားလည်သောသူ၊ သဘောပေါက်သောသူ ဖြစ်ရုံ မဟုတ်ပဲ ကယ်တင်ရှင် ကိုသိပြီး၊ ကယ်တင်ရှင် အခမဲ့ပြင်ဆင်ပေးသော ကယ်တင်ခြင်းကို အမှန်တကယ်ရရှိ ဖို့ အရေးကြီးပါတယ်။

ကောင်းကင်အောက် မြေကြီးပေါ်မှာ စာဖတ်သူ မိတ်ဆွေ အတွက် အရေးကြီး ဆုံး
အရာဟာ ၀ိညာဉ် ကယ်တင်ခြင်း ရရှိဖို့ဖြစ်ကြောင်း သမ္မာကျမ်းစာက အသေအချာ ပြောပါတယ်။

မိတ်ဆွဟာ.... ကယ်တင်ခြင်းကို သိသောသူလား? တင်ခြင်း ရသောသူလား?

(... ဘုရားသခင် သည်ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူမည်သည်ကား ထာဝရ အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။ ၁ယော ၅း၁၁-၁၂)

No comments:

Post a Comment